Suppliers

No supplier

Manufacturers

PrestaShop

Newsletter

ပထမ ဦးစွာဝယ်ယူလိုသည့် ပစ္စည်းအား ရွေးချယ်ပါ။

မိမိ ဝယ်ယူလိုသော ပစ္စည်းအား Menu Bar ရှိ All Categories ထဲမှ လည်းကောင်း၊  Search Box တွင်ရိုက်၍သော် လည်းကောင်း ရှာဖွေပါ။

အဆင့်(၁) - အရေအတွက် ကို ဖြည့်ပါ။

မိမိဝယ်ယူ လိုသည့် အရေအတွက်ကို Quantity အကွက်တွင် ဖြည့်ပါ။

အဆင့် (၂) - မိမိလိုချင်သော အရောင်အားရွေးချယ်ပါ။

အချို့ ပစ္စည်းများတွင် အရောင် တစ်မျိုးထက် ပို၍ရွေးချယ် နိုင်ပါသည်။ မိမိလိုချင်သော အရောင်အား ရွေးချယ်ပေးပါ။

အဆင့် (၃) -  Add to cart အား ကလစ်နှိပ်ပါ။

အဆင့် (၄)  -  cart ဈေးခြင်းတောင်း အား ကလစ်နှိပ်ပါ။

 

အထက်ပါ အဆင့် (၄) ဆင့်ကို အောက်တွင် ပုံနှင့်တကွ ဖော်ပြထားပါသည်။shopping

အဆင့် (၅) - မိမိရွေးချယ်ထားသော ပစ္စည်း အရေအတွက် နှင့် တန်ဘိုး အားဖော်ပြထားသည့် စာမျက်နှာ ပေါ်လာမည်။ အရေအတွက်အား အတိုးအလျော့ ပြုလုပ်လိုပါက Qty အောက်ရှိ အပေါင်း (သို့) အနှုတ် ခလုတ်အား အသုံးပြု၍ ပြင်ဆင်နိုင်ပါသည်။ မိမိမလိုချင်သော ပစ္စည်း ဖြစ်နေပါက DELTE ခလုတ်အား နှိပ်ပါ။ Voucher (ဘောက်ချာ) နံပါတ်အား ဖြည့်ရန် မလိုပါ။

အဆင့် (၆) - ပို့ဆောင်ရေးတွင် သုံးရက်အတွင်း ပို့ဆောင်ရေးအား ရွေးချယ်ပေးပါ။

အခြား ထပ်မံဝယ်ယူလိုသည့် ပစ္စည်းများရှိပါက mascot MASCOT ပုံ ပြထားသည့်နေရာ အားနှိပ်၍ ဆက်လက်ဝယ်ယူနိုင်ပါသည်။

အဆင့် (၇) – Next ကို နှိပ်ရမည်။

အထက်ပါ အဆင့် (၅) မှ (၇) အထိ ကို အောက်တွင် ပုံနှင့်တကွ ဖော်ပြထားပါသည်။

shopping

အဆင့် (၈) – Login ဝင်ရန်။

မှတ်ပုံတင် Register လုပ်ပြီး သူများအတွက် မိမိ E-mail နှင့် Password (မှတ်ပုံတင်စဉ်က ဖြည့်စွက်ထားသော စကားဝှက်) အား ထည့်ပေးရမည်။ ၎င်းနောက် Authentication အားနှိပ်ပေးပါရန်။ အောက်တွင် ပုံနှင့်ဖော်ပြထားပါသည်။

မှတ်ချက်။    ။ မှတ်ပုံမတင်ရသေးသော Customer အသစ်များ အနေနှင့် မည်သို့ မှတ်ပုံတင်ရမည်ကို ဤနေရာတွင် ကလစ်နှိပ်၍ ကြည့်ရှုပါရန်။

shopping

အဆင့် (၉) – လိပ်စာဖြည့်ရန်။

အမှန်ခြစ်ရမည့် အကွက်တွင် အမှန်ခြစ်ပေးပါ။ ၎င်းနောက် ဖော်ပြထားသည့် လိပ်စာ မှန် မမှန်အား စစ်ဆေး၍ မှန်ကန်ပါက Next ကို နှိပ်၍ နောက်တစ်ဆင့်သို့ ဆက်သွားပါ။

*** ငွေပေးချေသည့် လိပ်စာနှင့် ပို့ဆောင် ပေးရမည့် လိပ်စာ တူညီရမည်။

How to Buy Stage 9

အဆင့် (၁၀) – ပို့ဆောင်ပေးရမည့် ပုံစံ ရွေးချယ်ခြင်း။

ပို့ဆောင်ရေး စနစ်တွင် သုံးရက်အတွင်း ပို့ဆောင် ပေးသည့် စနစ် တစ်ခုသာ အသုံးပြု နိုင်ပါသည်။ ၎င်းနောက် T-Land မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများအား သဘောတူညီကြောင်း အမှန်ခြစ်ပေး၍ Next ကို နှိပ်ပေးပါ။

How to Buy Stage 10

အဆင့် (၁၁) – တိုက်ရိုက် ပစ္စည်း အရောက် ငွေပေးချေသည့် စနစ်အား ကလစ်နှိပ်ပေးပါ။

အထက်ပါ အဆင့်များ ဆောင်ရွက် ပြီးစီးပါက ပစ္စည်းဝယ်ယူခြင်း ပြီးမြောက်သွားပါသည်။ ၎င်းနောက် ကျွန်တော်တို့ T-Land မှ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ပစ္စည်းဝယ်ယူခြင်းအား နောက်ဆုံး အဆင့် အတည်ပြုခြင်း ပြန်လည် ပြုလုပ်ပါမည်။

How to Buy stage 11